သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူမှုဆန်းသစ်တီထွင်မှုအထောက်အကူပြု ယူနစ်၏ အစီအစဉ်ဖြင့် “Paper Quilling Art Training” သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

  • Wed, 30 July 2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူမှုဆန်းသစ်တီထွင်မှုအထောက်အကူပြု ယူနစ်၏ အစီအစဉ်ဖြင့် “Paper Quilling Art Training” သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ



သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူမှုဆန်းသစ်တီထွင်မှုအထောက်အကူပြုယူနစ် (UCMT-SISU) ၏ အစီအစဉ်ဖြင့် “Paper Quilling Art Training” သင်တန်းဆင်းပွဲကို ၃၀-၇-၂၀၂၅ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ(ဌာနမှူး)များ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် တက္ကသိုလ်အနေဖြင့် လူမှုဆန်းသစ်တီထွင်မှုအထောက်အကူပြုယူနစ်၏ Extra-Curriculum အစီအစဉ်များအောက်တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေစဉ်ကာလအတွင်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်စေရန်၊ လူငယ်များ၏ ဖန်တီးမှုအပေါ်အခြေခံ၍ ဆန်းသစ်တီထွင်မှုများ တိုးတက်လာစေရန်နှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်များကို စာတွေ့သင်ကြားရုံသာမက လက်တွေ့ အသုံးချနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် လက်မှုအနုပညာနှင့် အတတ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ၎င်းသင်တန်းများ အနက် “Paper Quilling Art” သင်တန်းသည် နှစ်စဉ်ပုံမှန်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊‌ ကျောင်းသူများ၏ စိတ်ပါဝင်စားမှုနှင့် လေ့လာဆည်းပူးလိုမှုများစွာရှိသည့် သင်တန်းတစ်ခုဖြစ်ကြောင်း၊ ထို့အပြင် စက္ကူဖြင့်ပြုလုပ်သော လက်မှုအနုပညာအသင်း (Paper Quilling Art Team) ကိုလည်း (၁၇-၈-၂၀၁၈) ရက်နေ့မှ စတင်၍ဖွဲ့စည်းခဲ့ပြီး Paper Quilling Art ကားချပ်အော်ဒါများလက်ခံဆောင်ရွက်ခြင်း၊ ပြခန်းများခင်းကျင်းပြသခြင်း နှင့် သင်တန်းများပေးခြင်း ကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း၊ ယခု Paper Quilling Art သင်တန်းကို ၂၃-၇-၂၀၂၅ ရက်နေ့  မှ ၂၅-၇-၂၀၂၅ ရက်နေ့ထိ (၃) ရက်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၅၆)ဦးတက်ရောက်ခဲ့ကြကြောင်း နှင့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သင်တန်းမှ တတ်မြောက်ခဲ့သောအတတ်ပညာနှင့် စာတွေ့သင်ကြားထားသော ဘာသာရပ်များ ပေါင်းစပ်၍ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်နိုင်သော Social Entrepreneur များဖြစ်အောင်ကြိုးစားကြရန် တိုက်တွန်းမှာ ကြားခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲတွင် Creativity Award (1st Prize) ၊ Creativity Award (2nd Prize) ၊ Creativity Award (3rd Prize) ၊ Audience Choice Award နှင့် Best TikTok Creator Award စသည့် ဆုများကိုလည်း ချီးမြှင့်ခဲ့ပါသည်။







ဆက်စပ် သတင်းများ