၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်“လူငယ်ဖိုရမ်”နှင့်အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသို့သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှကျောင်းသူ၊ကျောင်းသားများတက်ရောက်ဆွေးနွေး
- Sat, 16 August 2025
ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်ပသည့် ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဖိုရမ်နှင့်အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို (၁၁-၈-၂၀၂၅)ရက်နေ့မှ(၁၂-၈-၂၀၂၅) ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် MCC ခန်းမတွင်(၂)ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြက် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့” ဆောင်ပုဒ်နှင့်အညီ(၁) လူငယ်များပါဝင်သည့် တိုးတက်ခိုင်မာအားကောင်းသော လူမှုအသိုက်အဝန်း ဖော်ဆောင် ရေး၊ (၂) ပညာပြည့်ဝကျန်းမာမှလူငယ်ဘဝလှပမည်၊ (၃) စက်မှုစီးပွားနည်းပညာနှင့်လူငယ်များ၏ အနာဂတ်၊ (၄) တရားမျှတသော အခွင့်အလမ်းများဖြင့် တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်မည့် တို့လူငယ်၊ (၅) သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသော မြို့ပြနှင့်ကျေးလက်လူငယ်များ၏ လူမှုအသိုက်အဝန်းဖော်ဆောင်ရေးခေါင်းစဉ်(၅)ခုဖြင့်ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအဖွဲ့ဝင်လူငယ်များနှင့်တက္ကသိုလ်(၁၂)ခုမှ ကျောင်းသား၊ကျောင်းသူ လူငယ်များကို အဖွဲ့(၅)ဖွဲ့ခွဲ၍ တစ်ဖွဲ့လျှင်(၄၂)ဦးစီဖြင့်ဆွေးနွေးယှဉ်ပြိုင်ခဲ့ပါသည်။
အဆိုပါလူငယ်ဖိုရမ်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)ရှိအထူးပြုဘာသာရပ်အသီးသီးမှတတိယနှစ်နှင့်စတုတ္ထနှစ်ကိုယ်စားပြုကျောင်းသား(၂)ဦး၊ကျောင်းသူ(၂)ဦးဝင်ရောက်ပါဝင်ဆွေးနွေးခဲ့သည့်ဆွေးနွေးပြိုင်ပွဲခေါင်းစဉ်အမှတ်(၅)ဖြင့်မတာတာလှိုင်၊ 4AF-52 (စတုတ္ထနှစ်၊ စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြု)သည်အထူးဆုရရှိခဲ့ပြီး မောင်ဝင်းမြတ်အောင်၊ 3AS- 88 (တတိယနှစ်၊ အသုံးချစာရင်းအင်းပညာအထူးပြု)၊ မာင်ထက်ဝေယံထွန်း၊ 4AF-17(စတုတ္ထနှစ်၊စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြု)၊ မတာတာလှိုင်၊4AF-52 (စတုတ္ထနှစစာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြု)တို့သည်တိုင်းဒေသကြီး/ပြည်နယ်(၁၄)ခုမှ လူငယ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅တွင်ပါဝင်ဆွေးနွေးနိုင်မည့် အခွင့်အလမ်းကောင်းများရရှိခဲ့ကြောင်း သိရှိရပါသည်။