သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Certificate in Entrepreneurship and Business Management-CEBM နှင့် Certificate in Digital Marketing and Innovation-CDMI သင်တန်းများ ဖွင့်ပွဲကျင်းပ
- Sun, 24 August 2025
ဩဂုတ်လ၊ ၂၃ ရက်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သမဝါယမပညာဌာနနှင့် စီမံခန့်ခွဲမှုပညာဌာနတို့မှ ဦးစီး၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် Certificate in Entrepreneurship and Business Management-CEBM Batch - II နှင့် Certificate in Digital Marketing and Innovation-CDMI Batch - II သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် Zoom Platform ဖြင့် ကျင်းပရာ ပါမောက္ခချုပ်၊ ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ပါမောက္ခချုပ်မှ ယနေ့ဖွင့်လှစ်သည့် Certificate in Entrepreneurship and Business Management (CEBM) သင်တန်း ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများကို သိရှိစေရန်၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများကို တတ်သိ နားလည်ပြီး အသုံးချနိုင်စေရန် နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး Certificate in Digital Marketing and Innovation (CDMI) သင်တန်း၏ရည်ရွယ်ချက်မှာ ပြိုင်ဖက် လုပ်ငန်းများထက်သာလွန်သော ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာ သဘောတရားများ၊ နည်းလမ်းများနှင့် ဆန်းသစ်တီထွင်မှုများကို သိရှိစေရန်၊ ဒီဂျစ်တယ်နည်းလမ်းဖြင့် ဈေးကွက် ဖော်ဆောင်ရေးလုပ်ငန်းများကို တတ်သိနားလည်ပြီး အသုံးချတတ်စေရန်၊ လက်တွေ့ ဈေးကွက်ဖော်ဆောင်ရာ၌ ကြုံတွေ့ရမည့်ပြဿနာများကို ဖြေရှင်းရာတွင်နည်းစနစ်ကျစွာ တွေးခေါ်တီထွင်ဆန်းသစ်နိုင်စေရေးအတွက် အထောက်အကူပြုနိုင်စေရန်၊ နိုင်ငံတကာအဆင့်ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာ နည်းပညာများကို ကျွမ်းကျင်စွာ အသုံးပြု နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ကြောင်း၊ CEBM သင်တန်းကို ၂၀၂၂ခုနှစ်မှစတင်၍ Online မှ အခမဲ့ (၃) ကြိမ်၊ Human Resource Development (HRD) အစီအစဉ် အနေဖြင့်(၂)ကြိမ်မြောက် သင်တန်းဖြစ်ကြောင်း ၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင် ဒီပလိုမာ သင်တန်းအထိ ဖွင့်လှစ်သင်ကြားရန်ရည်ရွယ်ထားကြောင်း၊ တက္ကသိုလ်အနေဖြင့် ပုံမှန် Academic သင်တန်းများအနေဖြင့် Accounting & Finance , Marketing Management, Applied Statistics, Regional Development, Social Enterprise Management မေဂျာအထူးပြု Bachelor Degree (၄) နှစ်သင်တန်း၊ Post Graduate Diploma (၁) နှစ် သင်တန်းနှင့် Master Degree (၂) နှစ်သင်တန်းတို့ကို ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပထမနှစ်တက္ကသိုလ် ဝင်ခွင့်ခေါ်ယူရန် လာမည့်အပတ်တွင် သတင်းစာ၊ Website များမှ ကြေညာသွားမှာ ဖြစ်ကြောင်း၊ ယခုသင်တန်း (၂) ခုတွင် Grade 12 အောင်မြင်ပြီးသူ (၁၅%) ပါဝင်သောကြောင့် လူမှုစီးပွားရေးပညာရပ်တွေကို စိတ်ပါဝင်စားပြီး လေ့လာဆည်းပူးလိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဤတက္ကသိုလ်တွင် ပထမနှစ်ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း၊ ယခုဖွင့်လှစ်သည့် CEBM သင်တန်းတွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာဘွဲ့ရရှိသူ (၁၉%)၊ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ဘွဲ့ရရှိသူ (၄၈%)၊ တက္ကသိုလ်တက်ရောက်နေဆဲ (၂၁%) နှင့် Grade 12 အောင်မြင်ပြီးတက်ရောက်သူ (၁၂%)ရှိကြောင်း၊ CDMI သင်တန်းတွင် အသက်မွေး ဝမ်းကြောင်းဆိုင်ရာ ဘွဲ့ရရှိသူ (၄၂%)၊ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ဘွဲ့ရရှိသူ (၅၀%)နှင့် Grade 12 အောင်မြင်ပြီးတက်ရောက်သူ(၈%)ရှိပါကြောင်း၊ သင်ကြားပို့ချကြမည့် ဆရာ၊ဆရာမများ အနေဖြင့်လည်း တက်ရောက်သည့်သင်တန်းသားများ၏ အရည်အချင်းနှင့် ကိုက်ညီသည့် သင်ခန်းစာများကို သင်ကြားပို့ချသွားမှာဖြစ်ကြောင်းနှင့် တက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည့် A University for the Community: Together We Learn, Together We Lead ဆိုသည်နှင့်အညီ တက္ကသိုလ်အနေနှင့် Community အတွက် လိုအပ်သည့် မည်သည့် ပညာရပ်ကိုမဆို ဖွင့်လှစ်ပို့ချသွားရန် အဆင်သင့်ရှိနေပါကြောင်း၊ ဤတက္ကသိုလ်အနေဖြင့် ကမ္ဘာ့စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး နိုင်ငံအတွက်ဦးဆောင်နိုင်သော လူ့စွမ်းအားအရင်းအမြစ်များကို စဉ်ဆက်မပြတ်မွေးထုတ် ပေးနိုင်ရန်အတွက် လိုအပ်သောသင်တန်းများကို ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် သမဝါယမပညာဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါ်ခင်အေးမာနှင့် စီမံခန့်ခွဲမှုပညာဌာနမှ ဘာသာရပ်တာဝန်ခံ၊ ဒေါ်အေးသုန်သုန်ကျော်တို့က သက်ဆိုင်ရာသင်တန်းများတွင် သင်ကြားမည့်ဘာသာရပ်များ၊ သင်ကြားမည့်ပုံစံ၊ အကဲဖြတ် စနစ်နှင့်မျှော်မှန်းသင်ယူမှုရလဒ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းများကို အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များ တွင် နံနက် (၉:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ (၃) လကြာ ဖွင့်လှစ်ပို့ချ သင်ကြားသွားမည် ဖြစ်ပြီး CEBM သင်တန်းသို့ သင်တန်းသား/သူ (၅၈)ဦးနှင့် CDMI သင်တန်းသို့ သင်တန်းသား/သူ (၆၀)ဦး တက်ရောက်မည်ဖြစ်ကြောင်းသိရှိရပါသည်။