နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာခြင်း

  • Mon, 17 November 2025

၁။ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများစာရင်းအား ၁၃-၁၁-၂၀၂၅ ရက်နေ့မှစတင်၍ ဝန်ကြီးဌာန၏ website ဖြစ်သည့် https://mcrd.gov.mm နှင့် ဤတက္ကသိုလ်၏ website ဖြစ်သည့် https://ucmt.edu.mm တို့တွင် ကြေညာထားပြီးဖြစ်ပါသည်။ 

၂။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (၂၀၂၅ အောင်)၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်သင်တန်းများ၏ ပထမနှစ်ဝက်နှင့် စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်း များ၏ ဒုတိယနှစ်ဝက်သင်တန်းများကို ၁၇-၁၁-၂၀၂၅ ရက်နေ့မှ စတင်၍ (စနေနှင့် တနင်္ဂနွေနေ့များ အပါအဝင်) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျောင်းအပ်၊ သတင်းပို့မှုများကို စတင်လက်ခံမည် ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီး၏ နေ့သင်တန်းများအားလုံးကို ၂၄-၁၁-၂၀၂၅ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

 

                                                                                                                                                                                                                                                                             သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)


ဆက်စပ် သတင်းများ