ရန်ကုန်မြို့ အမျိုးသားသွေးဌာနတွင် စုပေါင်းသွေးလှူဒါန်းခြင်း

  • Thu, 27 November 2025

ရန်ကုန်မြို့ အမျိုးသားသွေးဌာနတွင် စုပေါင်းသွေးလှူဒါန်းခြင်း


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်များမှ ရန်ကုန်မြို့၊ အမျိုးသားသွေးဌာနတွင် စုပေါင်းသွေးလှူဒါန်းကြရာ (၂၆-၁၁-၂၀၂၅)ရက်နေ့ နံနက်ပိုင်းက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ စေတနာသွေးလှူရှင် ဆရာ၊ဆရာမ၊ဝန်ထမ်း၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၃)ဦး က ပါဝင်လှူဒါန်းခဲ့ကြပါသည်။ စေတနာသွေးလှူရှင်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေါင်မုန့်၊ကြက်ဥ၊ငှက်ပျောသီးနှင့်အချိုရည် အစရှိသည့် အဟာရလှူဒါန်းခြင်း၊ ရန်ကုန်မြို့၊ အမျိုးသားသွေးဌာနမှ မိုင်လို၊အချိုရည်နှင့်ဘီစကွတ်မုန့်လှူဒါန်းခြင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)ပါမောက္ခချုပ်မှ ကြက်ဥအဟာရနှင့် သောက်ရေသန့်များ လှူဒါန်းခြင်းနှင့် တက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှနေ့လယ်စာများ လှူဒါန်းခဲ့ကြကြောင်းသိရှိရပါသည်။


ဆက်စပ် သတင်းများ