သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Knowledge Sharing Session ကျင်းပ

  • Tue, 16 December 2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Knowledge Sharing Session ကျင်းပ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Knowledge Sharing Session အခမ်းအနားကို (၁၆-၁၂-၂၀၂၅)ရက်နေ့၊ နံနက် ၉နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားကို ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့ပါသည်။ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသော Knowledge Sharing Session တွင် တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကို ဘာသာရပ်ဆိုင်ရာစာပေများသာမက အသိပညာဗဟုသုတများ ကြွယ်ဝ စေရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊  ယခုကဲ့သို့ကျောင်းသား၊ ကျောင်းသူများကို အသိပညာဗဟုသုတများတိုးပွားလာစေရန် လာရောက်ဆွေးနွေးပေးပါသော ရွှေရောင်လွင်ပြင် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးမှုဆိုင်ရာ သမဝါယမအသင်းလီမိတက်နှင့် သီရိမေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းလီမိတက်မှပညာရှင် ဆရာကြီး၊ ဆရာမကြီး များကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ရွှေရောင်လွင်ပြင်အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးမှုဆိုင်ရာ သမဝါယမအသင်း လီမိတက်မှ အမှုဆောင်အကြံပေးအရာရှိ ပါမောက္ခ ဒေါက်တာမျိုးကြွယ်က “ AI for Education and Agriculture in the Future” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သီရိမေ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းလီမိတက်မှ Founder ဒေါ်ခင်ခင်နှင့် Board of Director အဖွဲ့ဝင် ဒေါ်မြင့်မြင့်ဝင်းတို့က “ Youth & Youth Champions Participation in Socio Economic Development” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရွှေရောင်လွင်ပြင် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးမှုဆိုင်ရာ သမဝါယမ အသင်းလီမိတက်မှ ဥက္ကဋ္ဌ ဒေါ်ထွေးထွေးအောင်နှင့် ဒေါ်သိန်းသိန်းအောင်တို့မှ “ Sustainable Agriculture & Women” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ 

အစီအစဉ်အရ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ တက္ကသိုလ်စာကြည့်တိုက် အတွက် ပါမောက္ခ ဒေါက်တာမျိုးကြွယ်က အခြေခံစိုက်ပျိုးရေးသီးနှံပညာ (အတွဲ ၁၊ အတွဲ ၂နှင့် အတွဲ ၃) စာအုပ်များ လှူဒါန်းခြင်းနှင့် သီရိမေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းလီမိတက်မှ Founder ဒေါ်ခင်ခင်က တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရန်ပုံငွေ ကျပ်၅၀၀၀၀၀ (ငါးသိန်းကျပ်တိတိ) ကို လှူဒါန်းခဲ့ပါသည်။ ထို့နောက် ပါမောက္ခချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပြန်လည် ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲ အခမ်းအနား သို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံ (၁၄)ဌာနမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Knowledge Sharing Session အခမ်းအနားကို (၁၆-၁၂-၂၀၂၅)ရက်နေ့၊ နံနက် ၉နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားကို ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့ပါသည်။ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသော Knowledge Sharing Session တွင် တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကို ဘာသာရပ်ဆိုင်ရာစာပေများသာမက အသိပညာဗဟုသုတများ ကြွယ်ဝ စေရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊  ယခုကဲ့သို့ကျောင်းသား၊ ကျောင်းသူများကို အသိပညာဗဟုသုတများတိုးပွားလာစေရန် လာရောက်ဆွေးနွေးပေးပါသော ရွှေရောင်လွင်ပြင် အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှုဆိုင်ရာ သမဝါယမအသင်းလီမိတက်နှင့် သီရိမေအမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းလီမိတက်မှ ပညာရှင် ဆရာကြီး၊ ဆရာမကြီး များကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့နောက် ရွှေရောင်လွင်ပြင်အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှုဆိုင်ရာ သမဝါယမအသင်း လီမိတက်မှ အမှုဆောင်အကြံပေးအရာရှိ ပါမောက္ခ ဒေါက်တာမျိုးကြွယ်က “ AI for Education and Agriculture in the Future” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သီရိမေ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းလီမိတက်မှ Founder ဒေါ်ခင်ခင်နှင့် Board of Director အဖွဲ့ဝင် ဒေါ်မြင့်မြင့်ဝင်းတို့က “ Youth & Youth Champions Participation in Socio Economic Development” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရွှေရောင်လွင်ပြင် အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးမှုဆိုင်ရာ သမဝါယမ အသင်းလီမိတက်မှ ဥက္ကဠ ဒေါ်ထွေးထွေးအောင်နှင့် ဒေါ်သိန်းသိန်းအောင်တို့မှ          “Sustainable Agriculture & Women” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ 

အစီအစဉ်အရ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ တက္ကသိုလ်စာကြည့်တိုက် အတွက် ပါမောက္ခ ဒေါက်တာမျိုးကြွယ်က အခြေခံစိုက်ပျိုးရေးသီးနှံပညာ (အတွဲ ၁၊ အတွဲ ၂နှင့် အတွဲ ၃) စာအုပ်များ လှူဒါန်းခြင်းနှင့် သီရိမေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းလီမိတက်မှ Founder ဒေါ်ခင်ခင်က တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရန်ပုံငွေ ကျပ်၅၀၀၀၀၀ (ငါးသိန်းကျပ်တိတိ) ကို လှူဒါန်းခဲ့ပါသည်။ ထို့နောက် ပါမောက္ခချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပြန်လည် ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲ အခမ်းအနား သို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံ (၁၄)ဌာနမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်စပ် သတင်းများ