Tomsk State University မှ Online ဖြင့် ကျင်းပပြုလုပ်သည့် Seminar သို့ တက်ရောက်
- Tue, 16 December 2025
သန်လျင် ဒီဇင်ဘာ ၁၆



ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Tomsk State University အနေဖြင့် ၎င်း၏မိတ်ဖက်တက္ကသိုလ် များကို သုတေသနထောက်ပံ့ကြေးများ၊ လုပ်ငန်းနှင့်ဆက်စပ်သည့် လေ့လာရေးခရီးစဉ်များ၊ အဆင့်မြင့်သင်တန်းများနှင့် ပူးတွဲသုတေသနလုပ်ငန်းများအပါအဝင် သိပ္ပံပညာရပ်ဆိုင်ရာ နယ်ပယ် များတွင် အလားအလာရှိသော ပူးတွဲစီမံကိန်းများကို ဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဖက်အကျိုးအမြတ် ရရှိစေရေးအတွက် သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် နိုင်ရေး အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ယနေ့ နေ့လယ် ၁၄:၁၅ နာရီအချိန်တွင် Online မှတစ်ဆင့် ကျင်းပပြုလုပ်သည့် “Opportunities for Scientific and Technical Cooperation between Tomsk State University and Universities of Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဤတက္ကသိုလ်၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဌာနမှ ကထိက ဒေါ်သက်ထားစံက “Sentiment Analysis-Based Chatbot for Mental Health Prediction” သုတေသနစာတမ်းခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။




-80x80.jpg)




