သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
- Tue, 10 February 2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့၊ နေ့လယ်(၂)နာရီတွင် ဥတ္တရဆောင်သီရေတာ၌ ပြည်ထောင်စုနေ့သည် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု၊ ကိုယ့်မြေကိုယ့်ရေကို မြတ်နိုးတွယ်တာမှုဟူသည့် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေပြု၍ ဖြစ်ပေါ်လာသည်ကို သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို “ပြည်ထောင်စုနေ့နှင့်မျိုးချစ်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ(၄၉)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။







-80x80.jpg)


