သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သဗ္ဗဇယဆုတောင်းပြည့်အောင်စေတီတော်မြတ်ကြီး၏ (၂၄) ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ
- Fri, 6 March 2026
သန်လျင်၊ မတ် ၆

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကျောင်းဝင်းအတွင်း တည်ထား ကိုးကွယ် လျက်ရှိသော သဗ္ဗဇယဆုတောင်းပြည့်အောင်စေတီတော်မြတ်ကြီး၏ (၂၄)ကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တက္ကသိုလ်ဓမ္မာရုံတွင် သံဃာတော် အရှင်သူမြတ် (၂၄)ပါးအား ပင့်ဖိတ်၍ ၄-၃-၂၀၂၆ ရက်နေ့မှ ၆-၃-၂၀၂၆ ရက်နေ့အထိ ရွတ်ဖတ်ပူဇော် ခဲ့ပါသည်။

ထို့နောက် ၄-၃-၂၀၂၆ ရက်နေ့တွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ခေတ္တဌာနမှူး၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများ တက်ရောက်၍ ဖွင့်လှစ်ခဲ့ပြီး ၆-၃-၂၀၂၆ ရက်နေ့တွင် ဘုရားအနေကဇာတင်နှင့် ပဋ္ဌာန်းအောင်ပွဲ အခမ်းအနားကျင်းပရာ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် (၂၄) ပါး တို့အား အာရုံဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ စာရေးတံမဲများ ဆက်ကပ်လှူဒါန်းခြင်းနှင့် သံဃာတော် အရှင်သူမြတ်တို့ထံမှ ငါးပါးသီလ ဆောက်တည်ခဲ့ကြပြီး ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် သံဃာတော် အရှင်သူမြတ် (၂၄)ပါးတို့အား ပါမောက္ခချုပ် နှင့် သင်ကြား၊ စီမံဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ခေတ္တဌာနမှူး၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ်နှင့်အထူးပြု ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ပါသည်။










