သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း

  • Fri, 3 April 2026

၁။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်ဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ဖွင့်လှစ်မည့် အောက်ပါမဟာဘွဲ့ သင်တန်းများသို့ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။

(က) စွန့်ဦးတီထွင်မှုနှင့်စီးပွားရေးစီမံခန့်ခွဲမှုပညာမဟာဘွဲ့ 

(Master of Entrepreneurship and Business Management– MEBM) 

(ခ) ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့

(Master of Public Administration – MPA) 

(ဂ) အသုံးချသုတေသနပညာမဟာဘွဲ့

(Master of Applied Research – MAR) 

၂။ အဆိုပါ မဟာဘွဲ့သင်တန်းများအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

(က) အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူဖြစ်ရမည်။

(ခ) တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တစ်ပြိုင်တည်းတက်ရောက်နေသူ မဖြစ်စေရ။

(ဂ) သက်ဆိုင်ရာမဟာဘွဲ့သင်တန်းနှင့် ကိုက်ညီသည့်လုပ်ငန်းနယ်ပယ်အလိုက် အတွေ့ အကြုံရှိသူကို ဦးစားပေးပါမည်။

(ဃ) သက်ဆိုင်ရာသင်ရိုးနှင့်အညီသတ်မှတ်ထားသော အချိန်အတိုင်းပြည့်မီစွာတက်ရောက် နိုင်သူဖြစ်ရမည်။

(င) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့တက်ရောက် ခွင့်ပြုကြောင်း ထောက်ခံစာပါရှိရမည်။

၃။ သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို သက်ဆိုင်ရာတာဝန်ခံဌာနများတွင် Online (သို့မဟုတ်) သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၊ သင်တန်းရေးရာဌာနတွင် (၃-၄-၂၀၂၆) ရက် (သောကြာနေ့) မှ (၂-၅-၂၀၂၆) (စနေနေ့) ထိ သတ်မှတ်ရက်အတွင်း တင်သွင်း လျှောက်ထားနိုင်ပါသည်။

၄။ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို (၁၆-၅-၂၀၂၆) ရက် (စနေနေ့) တွင် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)၌ နံနက် ၉:၀၀နာရီမှ ၁၂:၀၀ နာရီ အထိ ဖြေဆိုရမည်ဖြစ်ပါသည်။

၅။ သင်တန်းအတွက်ဝင်ခွင့်ရေးဖြေစာမေးပွဲတွင် သတ်မှတ်အဆင့်မီသူများအား လူတွေ့စစ်ဆေး ရွေးချယ်သွားမည်ဖြစ်ပါသည်။

၆။ သင်တန်းကို အပတ်စဉ် စနေနေ့နှင့်တနင်္ဂနွေနေ့ နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ (Hybrid System) ဖြင့် Online နှင့် In Person တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ဖြစ်ပါသည်။

၇။ ပြည့်စုံစွာဖော်ပြမှုမရှိသော လျှောက်လွှာများ၊  ထောက်ခံချက်မပြည့်စုံသော လျှောက်လွှာ များကိုလက်ခံစဉ်းစားမည်မဟုတ်ပါ။

၈။ အသေးစိတ်သိရှိလိုပါက   -  (က) MEBM သင်တန်းအတွက် သမဝါယမပညာဌာန၊

ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့်        (ဖုန်း-၀၉၉၇၆၃၇၉၉၃၁၊၀၉၄၂၂၅၅၁၇၈၈)

အီးမေးလ်များ                 Email- coopstudiesdept@ucmt.edu.mm

(ခ) MPA သင်တန်းအတွက် ဘောဂဗေဒဌာန၊

       (ဖုန်း-၀၉၅၀၈၁၆၃၂၊ ၀၉၄၄၂၀၇၆၄၆၅)

       Email- economicsdept@ucmt.edu.mm

          (ဂ) MAR သင်တန်းအတွက် စာရင်းအင်းပညာဌာန၊

       (ဖုန်း-၀၉၇၈၅၅၈၇၉၄၇၊ ၀၉၉၇၉၂၅၇၆၉၇)

       Email- statisticsdept@ucmt.edu.mm

          (ဃ) သင်တန်းရေးရာဌာန

      (၀၉၇၉၅၃၀၀၁၅၁)

      Email- Academicaffairs@ucmt.edu.mm


ဆက်စပ် သတင်းများ