သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) MEBM ၊ MPA နှင့် MAR (First Batch) သင်တန်းများဖွင့်ပွဲနှင့် Orientation အခမ်းအနား ကျင်းပခြင်း

  • Sat, 13 June 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) MEBM ၊ MPA နှင့် MAR (First Batch) သင်တန်းများဖွင့်ပွဲနှင့် Orientation အခမ်းအနား ကျင်းပခြင်း










သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ဖွင့်လှစ်ပို့ချသော Master of Entrepreneurship and Business Management (MEBM), Master of Public Administration (MPA)၊ နှင့်  Master of Applied Research (MAR) (First Batch) သင်တန်းများဖွင့်ပွဲနှင့်  Orientation အခမ်းအနားကို (၁၃-၆-၂၀၂၆) ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

  အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ ယခင်သမဝါယမတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် (ငြိမ်း)၊ ခေတ္တပါမောက္ခချုပ် (ငြိမ်း)၊ ပြင်ပပညာရှင် ဆရာကြီး ဆရာမကြီးများ၊ Programme Director များ၊ သင်ကြား/စီမံ ဌာနမှူးများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ (၇၀) ဦးတို့တက်ရောက်ခဲ့ကြပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း) မှ ပါမောက္ခများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၄)ဦး တို့က Zoom Online စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာ၌ ယနေ့သည် တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်တွင် အရေးပါသည့် မှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် MEBM ၊ MPA နှင့် MAR သင်တန်းများသည် မိမိတို့တက္ကသိုလ်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Human Resource Development Programme)အရ ပထမဆုံးဖွင့်လှစ်သည့် မဟာဘွဲ့သင်တန်းများဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ရေးဖြေ၊ နှုတ်ဖြေ ဝင်ခွင့်စာမေးပွဲများကို ကြိုးစားဖြေဆိုခဲ့ကြပြီးအောင်မြင်ခဲ့ကြသဖြင့် မဟာဘွဲ့သင်တန်း အသီးသီးကို တက်ရောက်ခွင့်ရခဲ့ကြသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ယနေ့သင်တန်းမိတ်ဆက်ခြင်းအစီအစဉ်သည် သင်တန်းသား၊ သင်တန်းသူများ၏ ပညာရေး ခရီးလမ်းသစ်တစ်ခု၏ အစပြုခြင်းဖြစ်သဖြင့် မိမိတို့၏ပညာရေးရည်မှန်းချက်များကို ပြည့်မီအောင်ကြိုးစား သင်ယူကြရန်နှင့် လူမှုအဖွဲ့အစည်းအတွက် တန်းဖိုးရှိသောခေါင်းဆောင်များဖြစ်လာစေရေး ကြိုးပမ်း ဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်‌ဒေါက်တာသိန်းထွန်း၊ ပါမောက္ခချုပ်(ငြိမ်း)၊ သမဝါယမတက္ကသိုလ်(သန်လျင်)နှင့် ပြင်ပပညာရှင်ဂုဏ်ထူးဆောင်ပါမောက္ခဆရာကြီး‌၊ ဆရာမကြီးများဖြစ်သည့် ဒေါက်တာကျော်မင်းထွန်း၊ ဒုတိယပါမောက္ခချုပ်(ငြိမ်း)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒေါက်တာဌေးဌေးလွင်၊ တာဝန်ခံပါမောက္ခချုပ် (ငြိမ်း)၊ သမဝါယမတက္ကသိုလ်(သန်လျင်)၊ ဒေါက်တာခင်မေသန်း၊ ပါမောက္ခ၊ဌာနမှူး (ငြိမ်း)၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ဒေါ်မြတ်မြတ်သူ၊ ပါမောက္ခ၊ဌာနမှူး(ငြိမ်း)၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်၊ ဒေါက်တာမြင့်မြင့်ကြည်၊ ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့က သြဝါဒအမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး၊ Programme Director (၃)ဦးတို့မှလည်း သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကိုရှင်းလင်း ပြောကြားခဲ့ကြပါသည်။ ၎င်းနောက် MEBM၊ MPA နှင့် MAR သင်တန်းများမှ သင်တန်းသား ကိုယ်စားလှယ် တစ်ဦးစီက သင်တန်းတက်ရောက်ခွင့်ရရှိသည့်အတွက် ဝမ်းသာပီတိစကားနှင့် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြပါသည်။ ထို့နောက်ပါမောက္ခချုပ်နှင့် တက်ရောက်လာကြသည့် ပြင်ပပညာရှင်နှင့် ဂုဏ်ထူးဆောင်ပါမောက္ခဆရာကြီး၊ဆရာမကြီးများ၊ ပါမောက္ခ (ဌာနမှူး) များနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနား ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။














ဆက်စပ် သတင်းများ