သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မြန်မာနိုင်ငံဘောဂဗေဒအသင်းနှင့် ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းများ၏ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောဆွေးနွေးပွဲသို့တက်ရောက်ခြင်း
- Wed, 24 June 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ သမဝါယမပညာဌာန၊ ဘောဂဗေဒဌာန၊ ဝါဏိဇ္ဇဗေဒဌာနတို့မှ ပါမောက္ခ(ဌာနမှူး)များ ဦးဆောင်သည့် ဆရာ/ဆရာမ (၈)ဦး၏ကြီးကြပ်မှုဖြင့် အထူးပြုဘာသာရပ်(၅)ခုမှ ဘွဲ့ကြိုနောက်ဆုံးနှစ် ကျောင်းသား/သူ (၁၀၀)ဦးတို့သည် မြန်မာနိုင်ငံဘောဂဗေဒအသင်း၏ ဖိတ်ကြားမှုအရ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) အတွင်းရှိ MICT Park တွင် (၂၀-၆-၂၀၂၆) ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင်ကျင်းပပြုလုပ်သည့် “မြန်မာနိုင်ငံ ဘောဂဗေဒအသင်းနှင့် ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းများ၏ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဟောပြော ဆွေးနွေးပွဲ”သို့တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင်မြန်မာနိုင်ငံဘောဂဗေဒအသင်းမှဥက္ကဌ၊အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တာဝန် ရှိပုဂ္ဂိုလ်များ၊ဖိတ်ကြားထားသော ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)မှကျောင်းသား/သူများ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှကျောင်းသား/သူများ၊ အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှကျောင်းသား/သူများစုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်မြန်မာနိုင်ငံဘောဂဗေဒအသင်းဥက္ကဌ ဦးကြည်ထွန်း မှ အဖွင့်အမှာစကားပြောကြားပြီး၊ ဦးတိုးလင်းညွန့် AYA Bank (Director- Head of Retail Banking) မှ AYA Bank ၏သမိုင်းကြောင်း၊ လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့်အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဦးမင်းဦး MCB Bank (Chief Managing Director(HR))မှ MCB Bank ၏ သမိုင်းကြောင်း၊ လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ဒေါက်တာတင်ထူးနိုင်မှ “Personal Development, Professional Development and Career Development” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးမျိုးသက်နိုင် MCB Bank (Deputy Chief Executive Officer) မှ “Career Development Path” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးမြင့်ဇော် AYA Bank (Vice Chairman) မှ AI နှင့်သက်ဆိုင်သည့် အကြောင်းအရာများနှင့် AI နှင့်ဆက်နွယ်သည့် အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ဂျပန်နိုင်ငံ Xymax Business Group ၏ကိုယ်စား မဖြိုးသူဇာကျော်က Xymax Business Group ရှိ အလုပ်အကိုင်အခွင့်အလမ်း အခြေအနေများကို Online မှ ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ Impact Co., Ltd., M pride Co., Ltd., Pathway Co., Ltd., နှင့် U Lay Gyi လုပ်ငန်းများ၏ လုပ်ငန်းရှင်များမှ လုပ်ငန်းခွင်နှင့်သက်ဆိုင်သည့် အလုပ်အကိုင် ခွင့်အလမ်းဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက်တက်ရောက်လာသည့်ကျောင်းသား/သူများမှအလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာကိစ္စရပ် များနှင့်သက်ဆိုင်သည့်မေးခွန်းများကိုလုပ်ငန်းရှင်များထံသို့ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲမှကျောင်းသား/သူများအနေဖြင့် ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင် များနှင့်ချိတ်ဆက်လေ့လာခွင့်ရရှိခဲ့ပြီး၊ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေများနှင့် လိုအပ်သည့်သတင်း အချက်အလက်များကိုရရှိစေသည့်အပြင် ဘွဲ့ရပြီးချိန်တွင်အလုပ်အကိုင်အခွင့်အလမ်းများ ရွေးချယ်လျှောက် ထားနိုင်သည့် အကျိုးကျေးဇူးများရရှိခဲ့ပါသည်။






-80x80.jpg)