သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဥပဒေပညာဌာနမှ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၊ Malaysia Anti-Corruption Comisssion (MACC)တွင် ဖွင့်လှစ်သည့် သင်တန်းတက်ရောက်ခြင်း
- Thu, 2 July 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ဒေါ်နန်းသင်းသီရိမြတ်သူ၊ တွဲဖက်ပါမောက္ခ၊ဥပဒေပညာဌာနသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့ Malaysia Anti-Corruption Comisssion (MACC)တွင် ၁၇-၆-၂၀၂၆ ရက်နေ့မှ ၂၇-၆-၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ၂၀၂၆ခုနှစ်အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးအစီအစဉ်များဆိုင်ရာ ခေါင်းဆောင်မှုသင်တန်း(Executive Leadership Training on Anti-Corruption Programmes 2026)သို့တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဂျော်ဒန် နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံစသည့် နိုင်ငံပေါင်း (၁၄) နိုင်ငံမှ သင်တန်းသား၊ သင်တန်းသူ(၁၄)ဦး တက်ရောက်ခဲ့ကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူဘောင်များကို မိတ်ဆက်ခြင်း နှင့်သုံးသပ်လေ့လာခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် မီဒီယာ၏ အခန်းကဏ္ဍနှင့်တာဝန်များ၊ စီမံခန့်ခွဲမှုအခြေပြုစုံစမ်းစစ်ဆေးခြင်းလုပ်ငန်းစဉ်များ၊ စုံစမ်းထောက်လှမ်းရေး သတင်းအချက် အလက်စုဆောင်းခြင်းနှင့် သက်သေအချက်အလက်များ စုဆောင်းခြင်း၊ ဆိုက်ဘာအမှုအခင်းများ၊ ဒစ်ဂျစ်တယ်ငွေကြေးနှင့်ဆက်စပ်သော ငွေကြေးလွှဲပြောင်းမှုများကို စုံစမ်းစစ်ဆေးခြင်းအစရှိသည့် ဘာသာရပ်များကို လေ့လာဆည်းပူးခဲ့ရပါသည်။ လေ့လာရေး ခရီးစဉ်အနေဖြင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ပူထရာဂျာရာရှိ မလေးရှားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(Malaysia Anti-Corruption Comisssion)၊မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန(Ministry of Foreign of Malaysia)၊ မလေးရှားနိုင်ငံ လွတ်လပ်ရေးရင်ပြင်နှင့် မလေးရှားအမျိုးသားအထိမ်းအမှတ် ကျောက်တိုင် တို့သို့ သွားရောက်လေ့လာခွင့်ရရှိခဲ့ပါသည်။ ဤသင်တန်းတက်ရောက်ခွင့်ရရှိခဲ့ခြင်းဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး နှင့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ နည်းလမ်းများ၊သတင်းအချက်အလက်နှင့် သက်သေ စုဆောင်းခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအသိပညာများနှင့် သင်တန်းကာလ အတွင်း နိုင်ငံတကာမှ သင်တန်းသား၊သင်တန်းသူများနှင့် အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး အစီအစဉ်များဆိုင်ရာ အတွေ့အကြုံများကို အပြန်အလှန်ရင်းနှီးဆွေးနွေးဖလှယ်ခွင့် ရရှိခဲ့ကြောင်း သိရှိရပါသည်။








