ဝန်ထမ်းများ၏ သား၊ သမီးများ ၂၀၂၆ - ၂၀၂၇ပညာသင်နှစ် (မူလတန်း၊အလယ်တန်း၊အထက်တန်း) ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ခြင်းနှင့် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများကို ဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ

  • Wed, 1 July 2026

ဝန်ထမ်းများ၏ သား၊ သမီးများ ၂၀၂၆ - ၂၀၂၇ပညာသင်နှစ် (မူလတန်း၊အလယ်တန်း၊အထက်တန်း) ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ခြင်းနှင့် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများကို ဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ



သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ဝန်ထမ်းများ၏သား၊ သမီးများ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ခြင်းနှင့် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက်၉နာရီခွဲအချိန်တွင် ဘက်စုံသုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားရာတွင် “တက္ကသိုလ်မိသားစုဝင်ဖြစ်တဲ့ ဝန်ထမ်းများ၏ သား၊ သမီး၊ ကျောင်းသား၊ ကျောင်းသူများ နှင့်၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုခဲ့ကြတဲ့ တက္ကသိုလ်ဝန်ထမ်းမိသားစုရဲ့သား များကို တွေ့ဆုံရတဲ့အတွက် ဝမ်းသာရပါကြောင်း၊ ယနေ့အခမ်းအနားကို တက္ကသိုလ်တွင်တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ သား၊ သမီးများ ပညာသင်ကြားတဲ့နေရာမှာ တက္ကသိုလ်အနေ ဖြင့် တစ်ထောင့်တစ်နေရာက အထောက်အပံ့ပေးနိုင်ရန် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တက္ကသိုလ် အနေဖြင့် တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေးကို မြှင့်တင်ရန်၊ ဝန်ထမ်းများနှင့့် ဝန်ထမ်းမိသားစုဝင်များကို အလေးထားရန်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုအောက်မှာရှိနေသော တက္ကသိုလ်တစ်ခု ဖြစ်သည့်အတွက် သမဝါယမပညာများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု ဆောင်ရွက်ရန်၊ နိုင်ငံတော်အတွက် တန်ဖိုးရှိသည့်လူငယ်များကို ပြုစုပျိုးထောင်ရန်ဟူသော ရည်မှန်း ချက်များထားရှိပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားမှာ သားတို့၊သမီးတို့ကို စကား လက်ဆောင် (၃)ခွန်း မှာကြားလိုပါကြောင်း၊ ပထမစကားလက်ဆောင်မှာ သားတို့သမီးတို့ရဲ့ ရည်မှန်း ချက်ပန်းတိုင်ဖြစ်ကြောင်း၊မိမိတို့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ နေ့စဉ်စာမှန်မှန်ဖတ်ပြီး အောင်မြင်အောင်ကြိုးစားကြပါလို့ တိုက်တွန်းမှာကြားလိုကြောင်း၊ ဒုတိယစကားလက်ဆောင်မှာ ကြိုးစားမှုဖြစ်ကြောင်း၊ မိမိတို့ရဲ့ရည်မှန်းချက်အောင်မြင်အောင် ကြိုးစားမှုရှိဖို့လိုကြောင်း၊ တတိယ စကားလက်ဆောင်မှာ လူကောင်းဖြစ်ဖို့အရေးကြီးကြောင်း၊ လူကောင်းဖြစ်ဖို့ဆိုလျှင် စိတ်ကောင်းရှိဖို့ လိုကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ခြင်းသည် အနာဂတ်အတွက် အရေးကြီးတဲ့ ဘဝအစဖြစ် ကြောင်း၊ သားတို့သမီးတို့အားလုံး မိဘဆရာဂုဏ်ယူရသော၊ နိုင်ငံတော်က အားထားရသော၊ လူကောင်း လူတော်များ ဖြစ်အောင်ကြိုးစားကြပါရန်” အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အခြေခံ ပညာမူလတန်းအဆင့် (၄၂)ဦး၊ အလယ်တန်းအဆင့် (၁၀)ဦး၊ အထက်တန်းအဆင့် (၄)ဦး၊ စုစုပေါင်း (၅၆)ဦးတို့ကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံခန့်ခွဲရေးဌာန) တို့က စုစုပေါင်းထောက်ပံ့ငွေ (၂,၆၈၆,၅၀၀)ကျပ်နှင့်ညီမျှသည့် ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများကို ပေးအပ်ခဲ့ပြီး ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ(၂)ဦးတို့ကို ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ ပါသည်။ ၎င်းနောက်ဝန်ထမ်းများ၏ သား၊ သမီး၊ ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများနှင့် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါအခမ်း အနားသို့  သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သင်ကြား/စီမံဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းများ၏ သား၊ သမီးများ (မူလတန်း၊အလယ်တန်း၊အထက်တန်း) ကျောင်းသား၊ ကျောင်းသူများ နှင့် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။








ဆက်စပ် သတင်းများ