သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် CBL, CEBM နှင့် CDMI သင်တန်းများ ဖွင့်ပွဲကျင်းပ

  • Mon, 13 July 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် CBL, CEBM နှင့် CDMI သင်တန်းများ ဖွင့်ပွဲကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဥပဒေပညာဌာန၊ သမဝါယမပညာဌာနနှင့် စီမံခန့်ခွဲမှုပညာဌာနတို့မှဦးစီး၍ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှုကော်မတီအစီအစဉ်ဖြင့်ဖွင့်လှစ်သည့် Certificate in Business Law-CBL၊ Certificate in Entrepreneurship and Business Management-CEBM နှင့် Certificate in Digital Marketing and Innovation-CDMI သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် Zoom Platform ဖြင့်ကျင်းပခဲ့ရာ ပါမောက္ခချုပ်၊ ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပါမောက္ခချုပ်မှ မိမိတို့တက္ကသိုလ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစတင်၍ Learning Management System (LMS) ဖြင့် Certificate သင်တန်းများကို Free online Course အစီအစဉ်ဖြင့် (၃) ကြိမ်ဖွင့်လှစ်ခဲ့ပြီး ယနေ့ဖွင့်လှစ်သည့် သင်တန်းများသည် Human Resource Development (HRD) အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် (၃)ကြိမ်မြောက် သင်တန်းများဖြစ်ကြောင်း၊ မိမိအနေဖြင့်တက္ကသိုလ်၏သမိုင်းအကျဉ်းချုပ်ကို အနည်းငယ်ပြောကြား လိုပါကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်မှာရှိပြီး ၁၉၇၀ ခုနှစ်တွင် ရန်ကုန်တိုင်းသမဝါယမသင်တန်းကျောင်းအဖြစ်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၉၄ ခုနှစ်တွင် သမဝါယမသင်တန်းကျောင်းအဆင့်မှ သမဝါယမကောလိပ်အဆင့်၊ ၁၉၉၆-၁၉၉၇ ပညာသင်နှစ် တွင် ဒီဂရီကောလိပ် အဆင့်ကိုမြှင့်တင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်နှင့်ပေါင်းစည်းဆက်နွယ်၍ ဝိဇ္ဇာဘွဲ့ (စီးပွားရေးသိပ္ပံ) BA (Business Science)ကို ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ၂၀၁၂ခုနှစ်တွင် သမဝါယမတက္ကသိုလ်(သန်လျင်)အဖြစ် တက္ကသိုလ်အဆင့်တိုးမြှင့်ခဲ့ပြီး အထူးပြုဘာသာရပ် အလိုက် Bachelor of Business Science ဘွဲ့ဒီဂရီ(၅)ခု ပေးအပ်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)ဟုအမည်ပြောင်းလဲခဲ့ပါကြောင်း၊ တက္ကသိုလ် တွင် အထူးပြုဘာသာရပ်ဌာန (၅)ခုနှင့် အထောက်အကူပြုဘာသာရပ်ဌာန (၆)ခု စုစုပေါင်း သင်ကြားရေးဌာန (၁၁) ခုနှင့် သင်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် စီမံရေးရာဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများဖြင့် တက္ကသိုလ်၏စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်၏ ပုံမှန် Academic သင်တန်းများအနေဖြင့် Accounting & Finance , Marketing Management, Applied Statistics, Regional Development, Social Enterprise Management  မေဂျာအထူးပြု Bachelor Degree (၄) နှစ်သင်တန်း၊ Post Graduate Diploma (၁) နှစ် သင်တန်းနှင့် Master Degree (၂) နှစ်သင်တန်းတို့ကို ဖွင့်လှစ်ပို့ချလျက်ရှိ ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် CEBM သင်တန်းကို သမဝါယမပညာဌာနမှ ဖွင့်လှစ်ခြင်း ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင် Master of Entrepreneurship and Business Management သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ CBL သင်တန်းကို ဉပဒေပညာဌာနမှ ဖွင့်လှစ်ပို့ချခြင်းဖြစ်ပြီး ဉပဒေပညာသည် နိုင်ငံသားတိုင်း သိရှိနားလည်၍ လိုက်နာကျင့်သုံးရမည့် ပညာရပ်ဖြစ်သည့်အတွက် စိတ်ဝင်စားမှု ရရှိပြီးတက်ရောက်သူအများဆုံးသင်တန်းဖြစ်ပါကြောင်း၊ CDMI သင်တန်းကိုစီမံခန့်ခွဲမှုပညာဌာနမှ ဖွင့်လှစ်ခြင်းဖြစ်ပြီး စီမံခန့်ခွဲမှုပညာဌာနအနေဖြင့် Certificate in Agribusiness Management-CABM သင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားပို့ချ ပေးလျက်ရှိကြောင်းနှင့် ဒီပလိုမာသင်တန်းအထိ ဖွင့်လှစ်သင်ကြားရန် ရည်ရွယ်ထားပါကြောင်း၊ တက္ကသိုလ်အနေနှင့် ဒီဂရီကောလိပ် အဆင့်မှစပြီး ယနေ့အချိန်အထိ ဘွဲ့ရ ကျောင်းသူ၊ ကျောင်းသား (၈၇၂၃)ဦး မွေးထုတ်ခဲ့ပြီး ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲနှင့် Internship Programme များကို နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်‌ပေးလျက်ရှိပါကြောင်း၊ လက်ရှိ ပညာသင်နှစ်အတွက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ယခုနှစ်ဩဂုတ်လတွင် ကျင်းပပြုလုပ်ရန် လျာထားပါကြောင်းနှင့် ဘဏ်များ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ ဗဟိုသမဝါယမအသင်းနှင့် သမဝါယမ အသင်းအဆင့်ဆင့်ကို ဖိတ်ကြားသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် တက္ကသိုလ်သို့ လာရောက်လေ့လာ၍ အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ယနေ့ဖွင့်လှစ်သည့် သင်တန်းများသည် လူတစ်ဦး ချင်းစီ၏ အနာဂတ်၊ အဖွဲ့အစည်းများ၏ အနာဂတ်နှင့် နိုင်ငံတော်၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ "The future belongs to those who never stop learning"ဟုဆို သကဲ့သို့ ယနေ့ခေတ်တွင် သင်ယူခြင်းသည် အသက်အရွယ်တစ်ခုနှင့် မသက်ဆိုင်တော့ဘဲ ဘဝတစ်လျှောက်လုံး ဆက်လက်ကျင့်သုံးရမည့် လူနေမှုပုံစံတစ်ခုဖြစ်လာကြောင်း၊ သင်တန်း တက်ရောက်ခြင်းအားဖြင့် စဉ်းစားတွေးခေါ်မှု ပုံစံများ ပြောင်းလဲသွားနိုင်ပြီး Problem Solving Skills၊ Critical Thinking Skills၊ Innovative Skills၊ Creative Thinking Skills များ ပြောင်းလဲ တိုးတက်လာမည်ဖြစ်ပြီး တက္ကသိုလ်အနေဖြင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်(၁၇)ချက်အနက် SDG 4 – Quality Education, SDG 8 – Decent Work and Economic Growth, SDG 9 – Industry, Innovation and Infrastructure နှင့် SDG 17 – Partnerships for the Goals တို့နှင့်အညီသင်တန်းများကိုဖွင့်လှစ်ပို့ချရန်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်အနေဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသန၊ လူမှုအကျိုးပြုလုပ်ငန်းနှင့် သမဝါယမကဏ္ဍအတွက်လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးခြင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၏ ယုံကြည်ချက်အနေဖြင့် ပညာတတ်ပြီးထူးချွန်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ခြင်းသည် တက္ကသိုလ်၏ ဂုဏ်ယူစရာတာဝန်ဖြစ်သည်ဟုခံယူပြီး ပုံမှန်သင်တန်း များနှင့် HRD သင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိပြီး ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့နောက် ဉပဒေပညာဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာသိင်္ဂီညို၊ သမဝါယမပညာဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါ်ခင်အေးမာနှင့် စီမံခန့်ခွဲမှုပညာဌာနမှ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူး ဒေါက်တာတင်နီလာဝင်းတို့က သက်ဆိုင်ရာသင်တန်းများတွင် သင်ကြားမည့် ဘာသာရပ်များ၊ သင်ကြားမည့်ပုံစံ၊ အကဲဖြတ်စနစ်နှင့် မျှော်မှန်းသင်ယူမှုရလဒ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြား ခဲ့ပါသည်။ အဆိုပါ သင်တန်းများကို ဇူလိုင်လ ၁၁ ရက်နေ့ မှ အောက်တိုဘာလ ၄ ရက်နေ့ အထိ  (၃)လကြာ ဖွင့်လှစ်ပို့ချ သင်ကြားသွားမည်ဖြစ်ပြီး CBL သင်တန်းသို့ သင်တန်းသား/ သူ (၈၃)ဦး၊ CEBM သင်တန်းသို့ သင်တန်းသား/သူ (၅၉)ဦးနှင့် CDMI သင်တန်းသို့ သင်တန်းသား/ သူ (၆၈)ဦး တက်ရောက်မည်ဖြစ်ကြောင်းသိရှိရပါသည်။ 











ဆက်စပ် သတင်းများ