သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
- Wed, 22 July 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို (၂၀-၇-၂၀၂၆)ရက်နေ့ နံနက် (၈:၀၀) နာရီတွင် တက္ကသိုလ်ဝင်းအတွင်း ဘက်စုံသုံးခန်းမရှေ့ မြေယာရှုခင်းဧရိယာပေါ်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို တက္ကသိုလ်၏ ပရဝုဏ် စိမ်းလန်းစိုပြေစေရန်၊ သဘာဝပတ်ဝန်းကျင်ကောင်းမွန်စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းရေး လုပ်ငန်းများတွင် တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများက တက်ကြွစွာ ပူးပေါင်းပါဝင်လာပြီး သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကျင်းပပြုလုပ် သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်ရလေကာပင်များဖြစ်သည့် ပျဉ်းမ (၉၉)ပင်၊ မာလာလူးကား (၁၁၁)ပင်၊ စုစုပေါင်းပျိုးပင် (၂၁၀) ပင်ကို စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးနိုင်ခြင်းနှင့် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးနှစ်မျိုးလုံးကို ရရှိစေနိုင်ပါကြောင်း၊ ရှိပြီးဖြစ်သည့် သစ်ပင်၊ သစ်တောများကို ကာကွယ်ထိန်းသိမ်းရမည့်အပြင် ထပ်မံစိုက်ပျိုးပြီး နောက်မှာလည်း ရာသီအလိုက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြမှသာ စိုက်ပျိုးသည့်အပင်တိုင်း ကောင်းမွန်ရှင်သန်မှာဖြစ်သည့်အတွက် တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှလည်း မိမိတို့စိုက်ပျိုးထားသည့် အပင်များအား ရှင်သန်အောင် စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်းဆောင်ရွက်ကြဖို့ မှာြကားလိုပါကြောင်း၊ သစ်တော၊ သစ်ပင်များသည် သဘာဝကပေးသည့် တန်ဖိုးမဖြတ်နိုင်သော ရတနာများဖြစ်ပါကြောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ ကျန်းမာရေးအရသော်လည်းကောင်း များစွာအကျိုးကျေးဇူး ပေးသည်ကို တွေ့ရှိရမည်ဖြစ်သောကြောင့် သစ်ပင်များစိုက်ပျိုးခြင်းအားဖြင့် နောင်လာနောင်သား များအား အဖိုးထိုက်တန်လှသည့် သဘာဝအမွေအနှစ်များကို လက်ဆင့်ကမ်းပေးအပ်ကြပါရန် အားပေးတိုက်တွန်းပါကြောင်း အမှာစကားပြောကြားခဲ့ပါသည်။
၎င်းနောက် သစ်ပင်စိုက်ပျိုးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဦးဆောင်သည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်နေရာများတွင် အရိပ်ရလေကာပင် စုစုပေါင်း (၂၁၀)အား စိုက်ပျိုးခဲ့ကြပါသည်။ ဆက်လက်၍ ပါမောက္ခချုပ်နှင့် ဌာနမှူးများက သစ်ပင်များ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သန်လျင်မြို့နယ် သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
.jpg)
.jpg)
.jpg)


-80x80.jpg)



