သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် (၂၈) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
- Mon, 27 July 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲနှင့် (၂၈) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သန်လျင်မြို့၊ ဝိသုဒ္ဓါရာမဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ သိမ်ကျောင်းပရိယတ္တိ စာသင်တိုက်ဆရာတော်၊ အောင်တံခွန်ကျောင်းတိုက် ဆရာတော်၊ နိရိန္ဒရာမိကကျောင်းတိုက် ဆရာတော်နှင့် ညောင်သုံးပင်ကျောင်းတိုက်မှ ဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံဌာန များမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည်ညိုကြပါသည်။
ဆက်လက်၍ သန်လျင်မြို့၊ ဝိသုဒ္ဓါရာမဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဘဒ္ဒန္တကုမာရ (အဂ္ဂမဟာသဓမ္မဇောတိကဓဇ)ထံမှ ပါမောက္ခချုပ်ဒေါက်တာရီရီဝင်း အမှူးပြုသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက ငါးပါးသီလခံယူဆောက်တည်၍ ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပရိတ်တရားတော်များနှင့် အနုမောဒနာတရား တော်များနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပစ္စည်းနှင့်လှူဒါန်းငွေစုစုပေါင်း တန်ဖိုး (၄၃၂၁၆၀၀ိ/-) ကျပ် ပါဝင်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
.jpg)
.jpg)
.jpg)



-80x80.jpg)

-80x80.jpg)
