သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် သမဝါယမဦးစီးဌာန၏ “သမဝါယမသမိုင်းနှင့် လက်ရှိသမဝါယမလှုပ်ရှားမှုများ” ဆွေးနွေးဟောပြောပွဲကျင်းပ
- Thu, 13 August 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သမဝါယမဦးစီးဌာန၏ “သမဝါယမသမိုင်းနှင့် လက်ရှိသမဝါယမလှုပ်ရှားမှုများ” ဆွေးနွေးဟောပြောပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် “သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) သည် လူမှုစီးပွားရေးပညာရပ်များကို သင်ကြားနေသည့် တက္ကသိုလ်တစ်ခုဖြစ်ရုံသာမက၊ သမဝါယမကဏ္ဍနှင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့်လူစွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင် မွေးထုတ်ပေးရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် ပထမနှစ်မှစပြီး သင်ယူလေ့လာထားသည့် သမဝါယမသဘောတရားများ၊ မူဝါဒများ၊ စီမံခန့်ခွဲမှု ဆိုင်ရာ အခြေခံသဘောတရားများကို လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်နားလည်ရန် အလွန်အရေးကြီး ပါကြောင်း၊ ၊ ပြည်ထောင်စုဝန်ကြီးရုံး၏ လမ်းညွှန်မှုနှင့်အညီ “စာတွေ့နှင့်လက်တွေ့”၊ “တက္ကသိုလ်နှင့်လုပ်ငန်းခွင်”တို့အကြား ချိတ်ဆက်မှုအားကောင်းစေရန် ဦးစီးဌာနများမှ အတွေ့အကြုံရှိ သည့်ဒုတိယညွှန်ကြားရေးမှူးချုပ်များကို Guest Speaker များအဖြစ်ဖိတ်ကြားပြီး မူဝါဒ၊ လုပ်ငန်းစဉ် နှင့်လက်တွေ့ဆောင်ရွက်ချက်များကို မျှဝေခြင်း သည် တက္ကသိုလ်၏ ပညာရေးနှင့်လူ့စွမ်းအားဖွံ့ဖြိုးရေး လုပ်ငန်းစဉ်အတွက် အလွန် တန်ဖိုးရှိပြီး အကျိုးရှိထိရောက် သည့် အစီအစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ သမဝါယမ၏သမိုင်းကို လေ့လာကြည့်လျှင်လည်း ယနေ့ခေတ်တွင် ဆွေးနွေးနေကြသည့် Co-operative Values၊ Co-operative Principles၊ Member Ownership၊ Democratic Participation စသည့် အခြေခံတန်ဖိုးများသည် နှစ်ပေါင်းများစွာဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများပေါ်တွင် တည်ဆောက် ခဲ့သည်ကို လေ့လာတွေ့ရှိရကြောင်း၊ အထူးသဖြင့် ယနေ့ခေတ်သည် Digital Transformation, Market Competition, Financial Inclusion, Climate Change, Youth Entrepreneurship နှင့် Sustainable Development စသည့်စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်နေသည့်အတွက် သမဝါယမကဏ္ဍသည်လည်း ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲရန်လိုအပ်ပါကြောင်း၊ တက္ကသိုလ်၏ကျောင်းသား၊ ကျောင်းသူများ သည် အနာဂတ်သမဝါယမကဏ္ဍအတွက် လူငယ်သမဝါယမခေါင်းဆောင်များ၊ သမဝါယမအသင်းများ၏ မန်နေဂျာများ၊ စာရင်းကိုင်များ၊ Supervisor များအဖြစ်ဆောင်ရွက်နိုင်သူများ၊ စွန့်ဦးတီထွင် သမဝါယမလူမှုစီးပွားရေး ပညာရှင်များ ဖြစ်လာမည့်သူများဖြစ်ပါကြောင်း၊ ယနေ့ရရှိမည့် အသိပညာနှင့် အတွေ့အကြုံများကို မိမိတို့၏ အနာဂတ်လုပ်ငန်းခွင်နှင့် သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနိုင်ကြစေရန် အလေးအနက်ထား တိုက်တွန်းပါကြောင်း၊ ယနေ့ဟောပြောပွဲမှတစ်ဆင့် ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများအားလုံး သမဝါယမ၏အတိတ်ကို နားလည်ပြီး လက်ရှိအခြေအနေကို သုံးသပ်ကာ အနာဂတ်ကို ပုံဖော်နိုင်ခြင်းဆိုသည့် ရည်ရွယ်ချက်ကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင် ရွက်ကြရန် မျှော်လင့်ပါကြောင်း၊ တက္ကသိုလ်အနေဖြင့် တက္ကသိုလ် - လူမှုအသိုက်အဝန်း - သမဝါယမပေါင်းစည်းဆက်စပ်ဆောင်ရွက်နိုင်ရေး (University-Community Cooperatives Integration) ကို အားကောင်းစွာ ဆောင်ရွက်ပြီး၊ သမဝါယမကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်မြင့်ဝင်းကြည်က သမဝါယမ သမိုင်းနှင့် လက်ရှိသမဝါယမလှုပ်ရှားမှုများအား Power Point ဖြင့် ပို့ချဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ထို့နောက် ပါမောက္ခချုပ်က ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး သင်တန်းနှစ်အလိုက် အတန်း ကိုယ်စားလှယ် များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံဌာနများမှ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၁၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
.jpg)
.jpg)




.jpg)
.jpg)


-80x80.jpg)


-80x80.jpg)


-80x80.jpg)

-80x80.jpg)