သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) GEC (ပညာရေး)သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

  • Fri, 7 August 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) GEC (ပညာရေး)သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်မြို့၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ရှိ  ဆရာ၊ ဆရာမ၊ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် GEC (ပညာရေး)သမဝါယမအသင်း လီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် (၁၀:၃၀)နာရီက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် GEC (ပညာရေး)သမဝါယမအသင်းလီမိတက်၏ ဒုတိယဥက္ကဋ္ဌ ဒေါ်နှင်းမိုးဆမ်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် GEC (ပညာရေး)သမဝါယမအသင်းလီမိတက်၏ သမိုင်းကြောင်းနှင့်အသင်းသားများ၏ အကျိုးစီးပွား တိုးတက်ရေးကို ရည်ရွယ်ကာ UCMT COOP MART ကိုဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာသည်နှင့်အမျှ အသင်းသားများအတွက် အကျိုးအမြတ်များ ပိုမိုရရှိလာပြီး နှစ်စဉ်အသင်းသား အကျိုးဝေစုနှင့် အစည်းအဝေးတက်ရောက်မှုစရိတ်များ နှစ်အလိုက် ချီးမြှင့်ပေးနိုင်ကြောင်းနှင့်  အသင်း၏လုပ်ငန်းစဉ်များကို ပိုမိုအောင်မြင်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒါရိုက်တာအဖွဲ့နှင့်အတူ အသင်းသားများ ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဒေါ်ချိုချိုအောင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် အသင်း၏ ရည်ရွယ်ချက်များ၊ လစဉ်လုပ်ငန်း ဆောင်ရွက်ချက်များ၊ နှစ်စဉ် (၂)ကြိမ်ခွဲ၍ ပေးအပ်သောအတိုးအမြတ်ငွေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းစာရင်းစစ်အစီရင်ခံစာများကို အဖွဲ့ဝင်များက ဖတ်ကြား တင်သွင်းရှင်းလင်းတင်ပြပြီး အသင်းသား၊ အသင်းသူများ၏သဘောတူညီမှုဖြင့် အတည်ပြုခဲ့ ကြပါသည်။ ဆက်လက်၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)ရှိ ဆရာ၊ ဆရာမ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် GEC(ပညာရေး) သမဝါယမအသင်းလီမိတက်၏ ဘဏ္ဍာရေး ရှင်းတမ်းများ၊ အသင်းစာရင်းစစ်အစီရင်ခံစာများကိုအဖွဲ့ဝင်များက ဖတ်ကြားတင်သွင်း  ရှင်းလင်း တင်ပြပြီး အသင်းသား၊ အသင်းသူများက သဘောတူသဖြင့်  အတည်ပြုခဲ့ကြပါသည်။ ဆက်လက်၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ ဖြင့်ဖွဲ့စည်းထားသည့် GEC(ပညာရေး)သမဝါယမအသင်းလီမိတက်တွင် အသင်းသား၊ အသင်းသူ (၁၁၈)ဦးနှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တွင် အသင်းသား၊ အသင်းသူ (၁၇၄)ဦး ရှိပြီးတက်ရောက်လာသည့် အသင်းသား၊ အသင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။







ဆက်စပ် သတင်းများ