သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တက္ကသိုလ်ကြက်ခြေနီအသင်းခွဲ၏ (၁၈) ကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

  • Fri, 7 August 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တက္ကသိုလ်ကြက်ခြေနီအသင်းခွဲ၏ (၁၈) ကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ


၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၇)ရက်၊ နံနက်(၉:၃၀)နာရီတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်) ၊ ဘက်စုံသုံးခန်းမ၌ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍  မိမိတို့၏  မွန်မြတ်သော စိတ်စေတနာကို အရင်းခံကာဘဝတစ်ခုရှင်သန်နိုင်ရေးအတွက် ကယ်တင်ပေး နိုင်ရန်နှင့် လူမှုအဖွဲ့အစည်းကို အကျိုးပြုနိုင်ရန်ရည်ရွယ်၍ (၁၈)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် သင်ကြားစီမံဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊  သင်ကြားရေးဌာနများမှ  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး   ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာပွင့်ဖြူကျော်၊ ဆရာဝန်များ၊ သူနာပြုများနှင့်  ဆေးဘက်ဆိုင်ရာအဖွဲ့များက သွေးပုလင်းများ လက်ခံပေးခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ စုစုပေါင်း( ၁၂၀ ) ဦးတို့က သွေးပုလင်းပေါင်း ( ၇၃ ) ပုလင်း ကို  လှူဒါန်းကြပါသည်။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ၂၀၀၅ ခုနှစ် မှစ၍ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်စုပေါင်းသွေးလှူဒါန်းပွဲကို ပြုလုပ်ခဲ့ရာ  စုစုပေါင်း (၁၈) ကြိမ် လှူဒါန်း ဆောင်ရွက်ခဲ့ပြီး   သွေးပုလင်းပေါင်း (၁၈၉၃) ပုလင်း ကို ပေးအပ်လှူဒါန်းနိုင်ကြောင်းသိရှိရပါသည်။













ဆက်စပ် သတင်းများ