အိန္ဒိယသမ္မတနိုင်ငံ၊ Ministry of External Affairs, ITEC အစီအစဉ်ဖြင့် တယ်လန်ဂါနာပြည်နယ် (တောင်ပိုင်း)၊ The English and Foreign Languages University, Hyderabad တွင် ဖွင့်လှစ်ပို့ချသည့် “Progress to Proficiency in English-Advanced Level” သင်တန်းသို့ တက်ရောက်

  • Thu, 3 September 2026

အိန္ဒိယသမ္မတနိုင်ငံ၊ Ministry of External Affairs, ITEC အစီအစဉ်ဖြင့် တယ်လန်ဂါနာပြည်နယ် (တောင်ပိုင်း)၊ The English and Foreign Languages University, Hyderabad တွင် ဖွင့်လှစ်ပို့ချသည့် “Progress to Proficiency in English-Advanced Level” သင်တန်းသို့ တက်ရောက်


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ သင်တန်းရေးရာဌာန၊  နိုင်ငံတကာဆက်ဆံရေးဌာနခွဲမှ ဌာနခွဲမှူး၊ ဒေါ်ကြည်ဖြူကိုသည် အိန္ဒိယသမ္မတနိုင်ငံ၊ Ministry of External Affairs, ITEC အစီအစဉ်ဖြင့် တယ်လန်ဂါနာပြည်နယ် (တောင်ပိုင်း)၊ The English and Foreign Languages University, Hyderabad တွင် ဖွင့်လှစ်ပို့ချ  ခဲ့သည့် အင်္ဂလိပ်ဘာသာစကားစွမ်းရည်တိုးတက်မြှင့်တင်ရေးသင်တန်း(Progress to Proficiency in English- Advanced Level) သို့ ၄-၈-၂၀၂၆ ရက်နေ့မှ ၃၁-၈-၂၀၂၆ ရက်နေ့အထိ တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ရုရှားနိုင်ငံ၊ ပီရူးနိုင်ငံ၊ တန်ဇန်းနီးယား နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံ အစရှိသည့် နိုင်ငံပေါင်း (၃၂) နိုင်ငံမှ သင်တန်းသား၊ သင်တန်းသူ (၆၂) ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းတွင် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရာတွင် အဓိကကျသည့် ကဏ္ဍ (၄) ရပ်ဖြစ်သည့် စာဖတ်ခြင်း (Reading)၊ စာရေးသားခြင်း (Writing)၊ နားထောင်ခြင်း (Listening) နှင့် စကားပြောဆိုခြင်း (Speaking) စွမ်းရည်များအပြင် သတင်း အချက်အလက်ပြောဆိုခြင်း၊ မေးမြန်းဖြေဆိုခြင်းတို့ကို အမှန်တကယ်အသုံးချတတ်စေရန် လက်တွေ့ Role Play များပြုလုပ်၍ ဆောင်ရွက်စေခြင်း၊ အုပ်စုလိုက်အနေဖြင့်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့် လည်းကောင်း PowerPoint Presentation များ ပြုလုပ်စေခြင်းဖြင့် သဘာဝကျသော စကား     ပြောဟန်များ၊ အသုံးများသော စကားလုံးအသစ်များကို ရိုးရှင်းလွယ်ကူစွာ မှတ်သားနိုင်သည့် နည်းလမ်းများ၊ ဘာသာရပ်ဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများကို တွင်ကျယ်စွာ အသုံးချတတ်စေမည့် နည်းလမ်းများ၊ ဝါကျတစ်ကြောင်း တည်ဆောက်ရာတွင် ၎င်းတို့၏ ဖွဲ့စည်းပုံ၊ စည်းမျဉ်းများကို နားလည်တတ်ကျွမ်းစေမည့် နည်းလမ်းများ၊ စကားပြောဆိုရာတွင် တိကျမှန်ကန်မှုရှိစေရန်နှင့် အသံထွက်မှန်ကန်မှုရှိစေရန်အတွက် လက်တွေ့လေ့ကျင့်ခန်းများကို မှတ်သားဖွယ်‌ လေ့လာသင်ယူခွင့် ရရှိခဲ့ကြောင်း သိရှိရပါသည်။








ဆက်စပ် သတင်းများ