သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ စကားရည်လုပြိုင်ပွဲ ကျင်းပ

  • Fri, 4 September 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ စကားရည်လုပြိုင်ပွဲ ကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ စကားရည်လုပြိုင်ပွဲကို ၄-၉-၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင်  ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပြီး ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းက အမှာစကားပြောကြားရာတွင် ကျောင်းသား၊ကျောင်းသူများကို စာသင်ခန်းတွင်းအသိပညာ၊ အတတ်ပညာများသာမက Competency Skill ပြည့်ဝပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသူများ ဖြစ်စေချင်ကြောင်း၊ Leadership Skill, Creative - thinking Skill, Innovative Skill, Problem Solving Skill, Teamwork Skill များပြည့်ဝ အောင်တက္ကသိုလ်လှုပ်ရှားမှု၊ ပြပွဲ၊ ပြိုင်ပွဲများတွင် ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်ကောင်းများ ဖြစ်ပေါ်စေချင်ကြောင်း၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စကားရည်လုပြိုင်ပွဲကိုဝင် ရောက်ယှဉ်ပြိုင်ရာတွင် မြန်မာမှုနယ်ပယ်ရှိစကားကြီးဆယ်မျိုးကို လေ့လာအသုံးပြု၍ယှဉ်ပြိုင်စေချင် ကြောင်း၊ စကားပြောကောင်းသူများသည် ဘဝတွင်အောင်မြင်နိုင်ကြောင်း၊ အသိဉာဏ်ပညာဗဟုသုတ နှင့်ပြည့်စုံသူများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်းပြောကြားခဲ့ ပါသည်။ အဆိုပါပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၃)ဦးစီပါဝင်သည့် အဖွဲ့(၁၀)ဖွဲ့ဖြင့်ယှဉ်ပြိုင်ခဲ့ ကြပြီး ပထမဆုကို ပထမနှစ်နှင့်Marketing Management Major ကျောင်းသား၊ ကျောင်းသူများအဖွဲ့ မှလည်းကောင်း၊ ဒုတိယဆုကို ပထမနှစ်နှင့်Social Enterprise Management Major ကျောင်းသား၊ ကျောင်းသူများအဖွဲ့မှလည်းကောင်း၊ တတိယဆုကို ပထမနှစ်၊ Accounting and Finance Majorနှင့် Social Enterprise Management Major ကျောင်းသား၊ကျောင်းသူများအဖွဲ့မှလည်းကောင်း၊ နှစ်သိမ့် ဆုကို ပထမနှစ်နှင့် Applied Statistics Major ကျောင်းသား၊ကျောင်းသူအဖွဲ့တို့မှ အသီးသီးရရှိခဲ့ကြ ပါသည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ သင်ကြား/စီမံ ဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ပထမနှစ်နှင့် ဒုတိယနှစ်အထူးပြုဘာသာရပ်(၅)ခုမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၆၀၀) ကျော်တက်ရောက်အားပေးခဲ့ကြောင်းသတင်းရရှိပါသည်။







ဆက်စပ် သတင်းများ