Warning: unlink(C:/Apache24/ucmt_storage/cache/cache.catalog.language.1756267812): No such file or directory in C:\Apache24\htdocs\ucmt\system\library\cache\file.php on line 68Warning: unlink(C:/Apache24/ucmt_storage/cache/cache.catalog.language.1756267812): No such file or directory in C:\Apache24\htdocs\ucmt\system\library\cache\file.php on line 68 သမဝါယမတက္ကသိုလ်(သန်လျင်)တွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အရာထမ်း) ဖွင့်ပွဲအခမ်းအနားကျင်းပ

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အရာထမ်း) ဖွင့်ပွဲအခမ်းအနားကျင်းပ

  • Tue, 23 April 2019

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အရာထမ်း) ဖွင့်ပွဲအခမ်းအနားကျင်းပ


သန်လျင်၊ ဧပြီ ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏အစီအစဉ်ဖြင့် သမဝါယမတက္ကသိုလ်(သန်လျင်)တွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အရာထမ်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန်တွင် ဥတ္တရဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာနမှ ဦးစီးမှူးဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် ပိုမိုကျွမ်းကျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းအား ၂၀၁၉ခုနှစ်၊ ဧပြီလ ၂၂ရက်နေ့မှ မေလ ၁၈ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပါမောက္ခ/ဌာနမှူးများ၊ သင်တန်းဆိုင်ရာလုပ်ငန်း ကော်မတီများမှ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ် သမဝါယမဦးစီးဌာနများမှ သင်တန်းသား/သူ (၉၉)ဦး တက်ရောက်ခဲ့သည်။



ဆက်စပ် သတင်းများ