Warning: unlink(C:/Apache24/ucmt_storage/cache/cache.catalog.language.1790471920): No such file or directory in C:\Apache24\htdocs\ucmt\system\library\cache\file.php on line 68 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Zoom Application ကိုအသုံးပြု၍ Online Platform ဖြင့် “စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေး သင်တန်း” ဖွင့်ပွဲအခမ်းအနား ကျင်းပ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Zoom Application ကိုအသုံးပြု၍ Online Platform ဖြင့် “စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေး သင်တန်း” ဖွင့်ပွဲအခမ်းအနား ကျင်းပ

  • Tue, 28 June 2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Zoom Application ကိုအသုံးပြု၍ Online Platform ဖြင့် “စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေး သင်တန်း” ဖွင့်ပွဲအခမ်းအနား ကျင်းပ


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တို့ ပူးပေါင်းဖွင့်လှစ်သည့် ဌာနတွင်းဝန်ထမ်းများ “စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာအသိပညာပေးသင်တန်း” (Training on Capacity Building and Financial Awareness) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ် ဇွန်လ ၂၇ရက်နေ့ နေ့လယ် ၂ နာရီတွင် Zoom Application ကိုအသုံးပြု၍ Online Platform ဖြင့် ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်မည့်သင်တန်းသည် ဝန်ကြီးဌာန (၂)ခု၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါကြောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်မှု ပထမ ခြေလှမ်းလည်း ဖြစ်ပါကြောင်း၊ ဒီဘဏ္ဍာရေးနှင့် စာရင်းကိုင် ပညာသင်တန်းကို တက်ရောက်ပြီး ဝန်ထမ်းတွေရဲ့ လုပ်နိုင်စွမ်းရည်များတိုးတက်လာစေဖို့ စတင်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ကဏ္ဍချင်းဆက်စပ် ပူးပေါင်းဆောင်ရွက်မှု အရေးကြီးပါကြောင်း၊ တက္ကသိုလ်မှ Academic ၏အခန်းကဏ္ဍကို ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပြီး ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးများတွင် မည်ကဲ့သို့ဆောင်ရွက်ရမည်ကို ဆက်စပ်စဉ်းစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်သည့်ကိစ္စရပ်များတွင် တက္ကသိုလ်မှ ပညာရှင်များသည် လုပ်ငန်းများအောင်မြင်မှု ရှိ၊ မရှိ သုတေသနဆိုင်ရာအချက်အလက် data များကောက်ယူ၍ ဆန်းစစ်သုံးသပ်အဖြေရှာ၍ ပြန်လည်မျှဝေရာတွင် အရေးကြီးသည့်အပိုင်းမှ ပါဝင် ဆောင်ရွက်ကြကြောင်း၊  ယခုလို တိုးတက်တဲ့ခေတ်ကြီးမှာ Face to Face မဟုတ်ဘဲ သင်တန်းသား၊ သင်တန်းသူများကလည်း မိမိတို့ရုံးဌာနတွေကနေ အလုပ်ခွင်မပျက် သင်တန်းတက်ရောက်နိုင်ပါကြောင်း၊ ဒါ့ကြောင့် ဒီသင်တန်းကနေ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို တတ်မြောက်အောင်၊ ကျွမ်းကျင်အောင် လေ့လာသင်ယူပြီး ဌာနနဲ့ဆိုင်တဲ့ လုပ်ငန်းတွေမှာ ပြန်လည်အသုံးချရန်နှင့် ပြန်လည်မျှဝေရန် တိုက်တွန်းပြောကြားခဲ့ပါသည်။



ဆက်လက်၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက သင်တန်းဆိုင်ရာကိစ္စရပ်များရှင်းလင်းပြောကြားရာတွင် ယခုလိုသင်တန်းဖြစ်ပေါ်လာပုံနှင့်စပ်လျဉ်း၍ ဝန်ထမ်းတွေရဲ့ဘဝမှာ မျှော်လင့်ချက်၊ လိုလားချက်ဖြစ်တဲ့ ရာထူးတိုးမြှင့်ရေးဆိုင်ရာ အခွင့်အလမ်းအတွက် အရေးအကြီးဆုံးဖြစ်တဲ့ Q Sheet သတ်မှတ်ချက်အရ အနည်းဆုံးရှိရမည့်အရည်အချင်းနှင့် ကျွမ်းကျင်မှုအရည်အချင်း သတ်မှတ်ချက်များတွင် လိုအပ်သည့်အရည်အချင်း အရည်အသွေးကို ဖြည့်ဆည်းပေးဖို့ အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်တို့၏ ဝန်ထမ်းများ အပေါ် ထားရှိတဲ့ စေတနာပေါ်အခြေခံတဲ့ ဆွေးနွေးမှု၊ တိုက်တွန်းအားပေးမှုကနေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါကြောင်း၊ မိမိနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းတို့ အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးပြီး ဝန်ထမ်းများအတွက် လုပ်ငန်းခွင်တွင် အမှန်လိုအပ်သည့်သင်ခန်းစာများကို ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမ၊ ပညာရှင်များက ပို့ချနိုင်ဖို့ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ ညှိနှိုင်း ရေးဆွဲခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် (Integration Mechanism) အရ ယခုဆိုရင် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ဦးစီးဌာနနဲ့ တက္ကသိုလ်များရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဝန်ထမ်းများအတွက် အကျိုးရှိမည့် ယခုသင်တန်းဖြစ်ပေါ်လာရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ဦးစီးမှူးများနှင့် ဦးစီးအရာရှိများ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်၊ အခြေခံ စာရင်းရေး စာရင်းကိုင်နှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာအသိပညာရပ်များကို စနစ်တကျ စီမံခန့်ခွဲ တတ်စေရန်၊ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေး အခွင့်အလမ်းများ ပိုမိုအဆင်ပြေ ချောမွေ့စေရန်နှင့် လုပ်ငန်းခွင်တွင် အရည်အချင်း၊ အရည်အသွေးပြည့်ဝစွာနှင့် ပိုမို ကျွမ်းကျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ သင်တန်းကို Learning Management System (LMS) Platform ဖြင့် (၇၂) နာရီ သင်ကြား ပို့ချမည်ဖြစ်ပြီး စာမေးပွဲ (၃) ကြိမ် စစ်ဆေးသွားမှာ ဖြစ်ပါကြောင်း၊ သင်တန်းကာလမှာ     (၂၇-၆-၂၀၂၂)ရက်နေ့မှ (၂၀-၉-၂၀၂၂)ရက်နေ့ထိ တစ်ပတ်လျှင် (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး) ၃ရက်နှင့် တစ်နေ့လျှင် ၁၄;၀၀ နာရီမှ ၁၆;၀၀ နာရီထိ (၂နာရီကြာ)သင်ကြားပို့ချသွားမှာဖြစ်ပါကြောင်း၊ ဤတက္ကသိုလ်၏ ဝါဏိဇ္ဇဗေဒဌာနမှ ဆရာမများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဘဏ္ဍာရေးနှင့် ဆင်းရဲမှုလျှော့ချ‌ရေး)နှင့် ညွှန်ကြားရေးမှူးများ၊ ပြင်ပမှ ကျွမ်းကျင်ပညာရှင်များမှ သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သင်တန်းသား၊သင်တန်းသူ (၉၀)ဦးနှင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး စုစုပေါင်း (၁၂၀)ဦး တက်ရောက်သင်ကြားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။






ဆက်စပ် သတင်းများ