ဉပဒေပညာ ဌာန
ရန်ကုန်သမဝါယမဒေသကောလိပ်အဆင့်မှ ရန်ကုန်သမဝါယမဒီကရီကောလိပ်သို့ အဆင့် မြှင့်တင်သည့်အချိန်မှစ၍ ဥပဒေပညာဌာနကို စတင်တည်ထောင်ခဲ့ပါသည်။ ဥပဒေပညာဌာနသည် ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနနှင့် တွဲဖက်ဆက်နွယ်ပေါင်းစည်းထားသော အထောက်အကူ ပြုဌာနတစ်ခုလည်းဖြစ်ပါသည်။ ယခင်ကဥပဒေပညာဌာနသည် ဝိဇ္ဇာဘွဲ့ (စီးပွားရေးသိပ္ပံ) တွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဥပဒေဘာသာရပ်တစ်ခုတည်းကိုသာ သင်ကြားခဲ့ပါသည်။
ဥပဒေ ပညာဌာနအနေဖြင့် (၂၀၁၄-၂၀၁၅) ပညာသင် နှစ်တွင် တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ပြီး သောအခါမှစ၍ အထူးပြုဘာသာရပ်များ အားလုံးတွင် စီးပွားရေးသိပ္ပံဘွဲ့အတွက် စီးပွားရေး ဆိုင်ရာဥပဒေဘာသာရပ်ကို သင်ကြားခဲ့ပြီး၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာမဟာဘွဲ့အတွက် လယ်ယာ မြေဥပဒေကို သင်ကြားပါသည်။ ယခုလက်ရှိတွင် ဥပဒေပညာဌာန၌ ပါမောက္ခ(ဌာနမှူး) (၁) ဦး၊ ကထိက (၂) ဦး၊ လက်ထောက်ကထိက (၂) ဦး၊ ၊ နည်းပြ (၁) ဦး ၊ စုစုပေါင်းဆရာမ (၆) ဦး ဖြင့် သင်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါတွင် ဥပဒေပညာဌာနသည် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများကို အထောက်အကူပြုသည့်ဌာနအဖြစ်သာမက လူ့စွမ်းအား ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်အတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ အသိအမှတ်ပြုသင်တန်းကို အများပြည်သူအတွက် အခမဲ့(အွန်းလိုင်း)ဖြင့် ပို့ချပေးနေသော ဌာနတစ်ခု ဖြစ်ပါသည်။
Dr. Theingi Nyo
Head of Department
Daw Mya Thida Kyaw
Lecturer
Daw Nan Thin Thiri Myat Thu
Lecturer
Daw Ma Aye Tin
Assistant Lecturer
Daw Seng Raw
Assistant Lecturer
Daw Thin Thin Aye
Tutor
Dr. Theingi Nyo
Head of Department
Daw Mya Thida Kyaw
Lecturer
Daw Nan Thin Thiri Myat Thu
Lecturer
Daw Ma Aye Tin
Assistant Lecturer
Daw Seng Raw
Assistant Lecturer
Daw Thin Thin Aye
Tutor

- စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေများကို ကျွမ်းကျင်စွာ တတ်မြောက်စေရန်နှင့်စီးပွားရေး ဆိုင်ရာပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းနိုင်စေရန်။
- စီးပွားရေးဆိုင်ရားဥပဒေများကို သိရှိနားလည်စေရန်။
- စီးပွားရေးအဖွဲ့အစည်းများကြားတွင် ပေါ်ပေါက်လာတတ်သောပြဿနာများ၊ အငြင်းပွားမှု များကို မည်ကဲ့သို့ဖြေရှင်းရမည်ကို သိရှိနိုင်စေရန်။