မြန်မာစာ ဌာန
မြန်မာစာဌာနသည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဥတ္တရဆောင် အောက်ထပ်တွင် တည်ရှိပါသည်။ မြန်မာစာဌာနသည် ရန်ကုန်ဒေသကောလိပ် လက်ထက်တွင် ဘာသာ စကားဌာနအဖြစ်ပါဝင်ခဲ့သည်။ရန်ကုန်သမဝါယဒေသ ကောလိပ် ကို ရန်ကုန်သမဝါယဒီဂရီ ကောလိပ် အဖြစ် အဆင့်မြှင့်တင်ခဲ့သည့် အချိန်မှစ၍ မြန်မာစာဌာနအဖြစ် သီးခြားရပ်တည်ခဲ့ပါသည်။
ရန်ကုန်သမဝါယဒီဂရီကောလိပ်ကို သမဝါယတက္ကသိုလ် (သန်လျင်) အဖြစ် အဆင့်မြှင့်တင်လိုက်သော အခါတွင် အထောက်အကူပြုဘာသာရပ်ဌာနအဖြစ် ရပ်တည်ခဲ့ပြီး ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနနှင့် ပေါင်းကူးဆောင်ရွက်ခဲ့ပါသည်။၁၉၉၄ခုနှစ်တွင် မြန်မာစာ ဘာသာရပ်နှင့် မြန်မာ့ရေးရာဘာသာရပ်သည် ပထမနှစ် သင်ရိုးအားလုံးတွင် မသင်မနေရ ဘာသာရပ်အဖြစ် သင်ကြားခဲ့ပါသည်။ ပါမောက္ခ ဒေါက်တာအေးအေးမော်သည် ဌာနမှူးဖြစ်ပြီး ဌာနရှိဆရာမများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ပါမောက္ခ - (၁)ဦး
တွဲဖက်ပါမောက္ခ - (၂)ဦး
ကထိက - (၁)ဦး
လက်ထောက်ကထိက- (၁)ဦး
နည်းပြ - (၁)ဦး
မြန်မာစာဌာနသည် ပထမနှစ် သင်တန်းသားများကို သင်ရိုး(၃)ခု သင်ကြားပို့ချပေးလျက်ရှိသည်။
မ ၁၀၀၁ မြန်မာစာ
မ ၁၀၀၂ မြန်မာစာ
AM 1002 မြန်မာ့ရေးရာ
Dr. Aye Aye Maw
Head of Department
Daw Htun Ma Ma Khaing
Associate Professor
Dr. Aye Theint Theint Htwe
Associate Professor
Daw Zar Hnin Oo
Tutor
Dr. Aye Aye Maw
Head of Department
Daw Htun Ma Ma Khaing
Associate Professor
Dr. Aye Theint Theint Htwe
Associate Professor
Daw Zar Hnin Oo
Tutor
မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့်
အစဉ်လေ့လာသင်ယူ နေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့်
ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်။
(က) မြန်မာစာပေမှ စာကောင်းပေကောင်းနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကောင်းများ၏တန်ဖိုးကို
မြတ်နိုးထိန်းသိမ်းတတ်စေရန်။
(ခ) မြန်မာစာပေတွင် ဆုံးမစာ၏ အရေးပါပုံနှင့် ဆုံးမစာအတိုင်း လိုက်နာကျင့်သုံးတတ်စေရန်။
(ဂ) ယဉ်ကျေးမှုအသစ်များကို တီထွင်ဖန်တီးရာတွင်လည်း မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာလူမျိုးတို့၏
ဓလေ့စရိုက်နှင့် ကိုက်ညီသော ယဉ်ကျေးမှုကို တီထွင်ရန်။
(ဃ) လုပ်ငန်းခွင်တွင်မြန်မာစာကို မှန်မှန်ကန်ကန် တိတိကျကျသုံးနှုန်းရေးဖွဲ့ခြင်းဖြင့် လုပ်ငန်းများပိုမို
အဆင်ပြေချောမွေ့စေရန်။
(င) ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်မြတ်နိုးပြီး လူထုအကျိုးပြုလုပ်ငန်းများကို ဝိုင်းဝန်းကူညီ
ဆောင်ရွက်၍ မိမိအလုပ်ကို အပြစ်မရှိအောင် လုပ်ကိုင်နိုင်စေရန်။
(စ) မည်သို့ပင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်စပ်ယှက်နွယ် ဖြစ်ပေါ်ပြောင်းလဲလာသော်လည်း မြန်မာစာ၊
မြန်မာဘာသာစကားကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်။




